lapetitemort.info လူသစ်ခန့်ထားမှု လျှို့ ဝှက်ရေး အသိပေးချက်

ဤလျှို့ ဝှက်ရေး အသိပေးချက်ကို ၂၀၁၇ ခုနှစ် ဇွန် ၁၃ ရက်က နောက်ဆုံး ပြင်ဆင်ဖြည့်စွက်ထားသည်။

lapetitemort.info & Company Inc.,နှင့် ယင်း၏ လက်ခွဲများနှင့် တွဲဖက် လုပ်ငန်းများ ("lapetitemort.info "၊ "မိမိတို့ကို" သို့မဟုတ် "မိမိတို့") သည် သင်၏ ကိုယ်ရေး အချက်အလက်များ သင့်အတွက် အရေးကြီးသည်ကို နားလည်သည်။ lapetitemort.info လက်ခွဲများနှင့် တွဲဖက်လုပ်ငန်းများ သည် သင်၏ ပုဂ္ဂလိက အချက်အလက်များကို အချက်အလက် ထိန်းချုပ်သူများအဖြစ် သူတို့၏လုပ်နိုင်စွမ်းအတွင်း ကိုင်တွယ်သွားမည်။ မိမိတို့သည် သင်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားရန်နှင့် သင့်အား သီးခြား လူပုဂ္ဂိုလ်အဖြစ် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားသိရှိနိုင်သော သင်၏ မည်သည့် ကိုယ်ရေး အချက်အလက်များကို မဆိုကာကွယ်ရန် ပိုင်းဖြတ်ထားသည်။ ဤလူသစ်ခန့်ထားမှု လျို့ဝှက်ရေး အသိပေးချက် ("လျှို့ ဝှက်ရေး အသိပေးချက်") သည် lapetitemort.info ၏ လူသစ်ခန့်ထားခြင်း လုပ်ငန်းစဉ်နှင့် အစီအစဉ်များနှင့် ဆက်စပ်လျက် မိမိတို့အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များအား မည်သို့ ကိုင်တွယ်မည်နှင့် မည်သို့ ကာကွယ်မည်ကို ဖော်ပြထားသည်။

ဤလျှို့ ဝှက်ရေး အသိပေးချက်သည် အလုပ်လျောက်ထားသူများ၊ အလုပ်ရနိုင်ချေရှိသူများ နှင့် မိမိတို့၏ ဆန္ဒအလျောက် လူသစ်ရွေးချယ်ရေး အစီအစဉ်များနှင့် ဖြစ်ရပ်များ ၏ ကိုယ်ရေး အချက်အလက်များနှင့် သာ သက်ဆိုင်သည်။ ယင်းသည် မိမိတို့၏ ၀န်ထမ်းများ၊ ကန်ထရို်က်တာများ သို့မဟုတ် လုပ်ငန်းအပ်နှံသူများ သို့မဟုတ် အခြားရည်ရွယ်ချက်များအတွက် lapetitemort.info က ကောက်ယူသည့် ကိုယ်ရေး အချက်အလက်များနှင့် မသက်ဆိုင်ပါ။

ဤလျှို့ ဝှက်ရေး အသိပေးချက်တွင် အသုံးပြုထားသည့် "ကိုယ်ရေး အချက်အလက်" ဆိုသည်မှာ အွန်လိုင်း လျှောက်ထားမှု အစိတ်အပိုင်းအဖြစ် တင်သွင်းထားသည် ဖြစ်စေ နှင့်/သို့ အခြားလမ်းကြောင်းများ (ဥပမာ- ကျွမ်းကျင်သော ပရိုဖက်ရှင်နယ် အလုပ်ရှာဖွေရေး လုပ်ငန်းများ) တွင် ဖြစ်စေ အလုပ်လျှောက်ထားသူများနှင့် မိမိတို့ထံတွင် အလုပ်ခန့်ထားရန် အလားအလာရှိသူများ မည်သူမည်ဝါဖြစ်သည်ကို သိရှိဖော်ထုတ်နိုင်သော အချက်အလက်များကို ဆိုလိုသည်။

သက်ဆိုင်ရာ ဥပဒေ၏ လိုအပ်ချက်များနှင့် ဆန့်ကျင်မှု မရှိပါက (ယင်းသို့ ဖြစ်ပါက သက်ဆိုင်ရာ ဥပဒေက လွှမ်းမိုးသည်) မိမိတို့သည် သင်၏ ကို်ယ်ရေးအချက်အလက်များကို လျှို့ ဝှက်ရေး အသိပေးချက်နှင့် အညီ ကိုင်တွယ်သွားမည်။

မိမိတို့အား သင်၏ ကိုယ်ရေး အချက်အလက်များကို တင်ပြခြင်းဖြင့် သင်သည် အောက်ပါတို့ကို အသိအမှတ်ပြုပြီးဖြစ်သည်-
  • သင်သည် ဤ လျှို့ ဝှက်ရေး အသိပေးချက်ကို ဖတ်ရှုနားလည်ပြီး ဤနေရာတွင် သတ်မှတ်ထားသည့်အတိုင်း သင်၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြုရန် သဘောတူသည်။
  • သင်၏ ကိုယ်ရေး အချက်အလက်များကို ဤလျှို့ ဝှက်ရေး အသိပေးချက်တွင် သတ်မှတ်ဖော်ပြထားသော ရည်ရွယ်ချက်များနှင့် နည်းလမ်းများအတွက် သင်၏ မိခင်နိုင်ငံကဲ့သို့ အချက်အလက် ကာကွယ်မှု အဆင့်တူ မရှိဟု ယူဆနိုင်သည့် နိုင်ငံများ အပါအ၀င် ကမ္ဘာအနှံ့ လွှဲပြောင်းပြီး လုပ်ဆောင်သွားမည်။
  • သင့်အနေဖြင့် တောင်းဆိုထားသော အချက်အလက်များကို မိမိတို့အား ပေးအပ်ရန် မလိုအပ်ပါ။ သို့ရာတွင် ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် သင်လျှောက်ထားသော အလုပ်အတွက် လျာထားသူ အဖြစ် ဆက်လက်မတည်ရှိတော့ပဲ ဖြစ်သွားနိုင်ပါသည်။
  • သင်၏ ကိုယ်စားပြု ဖော်ပြချက်အားလုံးသည် သင်သိရှိထားမှုနှင့် ယုံကြည်မှုများထဲမှ အကောင်းဆုံး မှန်ကန် တိကျပြီး သင်သည် သိလျက်နှင့် သက်ဆိုင်ရာ အချက်အလက်များကို တမင်ချန်လှပ်ထားခြင်း မရှိပါ။ တိကျမှန်ကန်မှု မရှိသော အချက်အလက် တစ်စုံတစ်ရာ ပေးခြင်းသည် သင်၏ အလုပ်ရနိုင်ခွင့်ကို ဆုံးရှုံးသွားစေနိုင်သည်။
  • ဤလျှို့ ဝှက်ရေး အသိပေးချက်သည် lapetitemort.info က လျောက်ထားသူများကို အလုပ်ခန့်ထားသည့် သဘောတူစာချုပ်၏ မည်သည့် အစိတ်အပိုင်းအဖြစ်မျှ ပါဝင်ခြင်း မရှိပါ။

မိမိတို့ ကောက်ယူသော ကိုယ်ရေး အချက်အလက်များ။

သင့်ထံမှ မိမိတို့ တောင်းခံသော ကိုယ်ရေး အချက်အလက်အမျိုးအစားများနှင့် ကိုင်တွယ်မှု နည်းလမ်းများသည် သင်နေထိုင်သော နိုင်ငံနှင့် မသက်ဆိုင်ပဲ လျောက်ထားသည့် အလုပ်တာဝန် ရှိသည့် နိုင်ငံ၏ လိုအပ်ချက်များ အပေါ်တွင် မူတည်၍ဆုံးဖြတ်သည်။ သင့်အနေဖြင့် နေရာ တစ်နေရာ ထက်ပိုမို လျောက်ထားပါက သို့မဟုတ် သင်လျှောက်ထားသည့် ရာထူးနေရာသည် နိုင်ငံတစ်နိုင်ငံထက်ပိုပြီး လစ်လပ်နေပါက မိမိတို့ သင့်ထံမှ တောင်းခံသည့် ကိုယ်ရေး အချက်အလက်နှင့် ယင်းကို ကိုင်တွယ်မှု နည်းလမ်းကို ယင်း ရာထူးတာဝန် တည်ရှိရာ နိုင်ငံအားလုံး၏ လိုအပ်ချက်များအပေါ်တွင် ဆုံးဖြတ်သည်။

မိမိတို့သည် ယေဘုယျအားဖြင့် မိမိတို့ထံတွင် ရာထူးနေရာတစ်ခုကို သင်လျှောက်ထားသည့် အချိန်တွင် ကိုယ်ရေးအ ချက်အလက်များကို သင့်ထံမှ တိုက်ရိုက် ကောက်ယူလေ့ရှိသည်။ ယင်းတို့မှာ အမည်၊ လိပ်စာ၊ ဆက်သွယ်ရန် အချက်အလက်၊ အလုပ်နှင့် ပညာရေး သမိုင်းကြောင်း၊ အောင်မြင်မှုများနှင့် စာမေးပွဲ ရလဒ်များ ဖြစ်သည်။ မိမိတို့သည် သင် ရည်ညွှန်း ကိုးကားသူများ၊ ယခင် အလုပ်ရှင်များ၊ သင် အင်တာဗျူး လုပ်ထားဖူးသော lapetitemort.info ၀န်ထမ်းများနှင့် အလုပ်နောက်ခံသမိုင်းကြောင်း စစ်ဆေးပေးသူများ ကဲ့သို့သော အပြင်လူများထံမှလည်း သင်နှင့် ပတ်သက်သည့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုသည့် အတိုင်းအတာဖြင့် စုဆောင်းနိုင်သည်။

ထိရှလွယ်သော ကိုယ်ရေး အချက်အလက်များကို ကိုယ်ရေး အချက်အလက်များမှ သီးခြား ဖယ်ထားမည်ဖြစ်ပြီး ယင်းတို့တွင် လူမျိုး၊ ကျန်းမာရေး၊ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်ဖြစ်ခြင်း၊သဘောတရားရေးရာ ယုံကြည်မှုများ၊ လိင်ခံယူချက်များ သာမက ဥပဒေက ခွင့်ပြုထားသော အခြားသော အမျိုးအစားများ ပါဝင်သည်။ သက်ဆိုင်ရာ ဥပဒေများ (ဥပမာ- အမေရိကန်တွင် အစိုးရ အစီရင်ခံခြင်း) က ယင်းသို့လုပ်ဆောင်ရန် ခွင့်ပြုချက် မရှိပါက လျှောက်ထားသူ တစ်ယောက်နှင့် ပတ်သက်သည့် ယင်းသို့သော အချက်အလက်များကို ရယူရန် နည်းလမ်းရှာခြင်းနှင့် ကောက်ယူခြင်းတို့ကို လုပ်ဆောင်မည် မဟုတ်ပါ။

သင်၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြုခြင်း

မိမိတို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အောက်ဖော်ပြပါ တရားဝင်မှု ရှိသော လူသားရင်းမြစ်များနှင့် လုပ်ငန်း စီမံခန့်ခွဲရေး အကြောင်းရင်းခံများအတွက် ကောက်ယူ အသုံးပြုသည် -
  • အလားအလာရှိသော အလုပ်ခန့်ထားခြင်း သာမက အတွက် အနာဂတ်တွင် ရှိလာနိုင်သော ရာထူးနေရာများ အတွက် လျှောက်ထားသူများ မည်သူဖြစ်သည်ကို ဖော်ထုတ်ခြင်းနှင့် သုံးသပ်စိစစ်ခြင်း၊
  • လူသစ်ခန့်ထားခြင်းနှင့် ငှားရမ်းခြင်းဆိုင်ရာ မှတ်တမ်းတင်ခြင်း၊
  • မတူကွဲပြားမှုနှင့် အားလုံး ပါဝင်ရန် လိုအပ်ချက်များနှင့် အလေ့အထများ အပါအ၀င် ဥပဒေ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အာမခံခြင်း၊
  • သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုသည့်အတိုင်း ရာဇ၀တ် သမိုင်းကြောင်း စစ်ဆေးမှု လုပ်ဆောင်ခြင်း၊
  • အခွင့်အာဏာရှိသော သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသော အတိုင်းအတာ အတွင်း မိမိတို့၏ ဥပဒေဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ခြင်း၊ သို့ မဟုတ်
  • လူတစ်ဦးဦး သို့မဟုတ် ယင်းထက်ပိုမိုသော လူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသော အရေးပေါ် အခြေအနေများ။
မိမိတို့၏ လူသစ်စုဆောင်းမှုနှင့် ငှားရမ်းခြင်း လုပ်ငန်းစဉ် တိုးတက်စေရန်နှင့် အောင်မြင်သော လျောက်ထားသူများကို စွဲဆောင်မှုရှိစေရန်အတွက် မိမိတို့၏ အရည်အသွးကို ဖြည့်စွက်ရန် သင်၏ ကိုယ်ရေး အချက်အလက် သို့မဟုတ် စုစည်းထားသော/အမည်ပြောင်းလဲ ထားသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။

မိမိတို့သည် အနာဂတ် အလုပ်ခန့်ထားမှု အခွင့်အလမ်းများတွင် သင့်အား ထည့်သွင်းစဉ်းစားနိုင်ရန် သင်၏ ကိုယ်ရေးအချက်အလက်များအား ထိန်းသိမ်းထားလိုခြင်းမျိုး ရှိနိုင်သည်။ ယင်းသို့သော ဖြစ်ရပ်တွင် အလုပ်အခွင့်အလမ်းအတွက် သင်တရားဝင် လျောက်ထားမှု မတိုင်မီ သို့မဟုတ် နောက်ပိုင်းတွင် သင်အနေဖြင့် lapetitemort.info အကြောင်း ပိုမို လေ့လာနိုင်စေသော မိမိတို့၏ လူသစ်စုဆောင်းခြင်း အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် သင်၏ သဘောတူညီချက်ကို တောင်းခံမည်။ ယင်း လူသစ်စုဆောင်းခြင်း အစီအစဉ်များသည် လုံးဝ ဆန္ဒသဘောအတိုင်းသာ ဖြစ်သည်။ သင်သည် လူသစ်စုဆောင်းခြင်း အစီအစဉ်တစ်ခုကို ၀င်ရောက်ခဲ့သော်လည်း ယင်းမှ တစ်ချိန်ချိန်တွင် ပြန်လည် နှုတ်ထွက်လိုပါက ကျေးဇူးပြု၍ မိမိတို့အား [email protected] တွင်ဆက်သွယ်ပါ။ ဂျာမနီမှ လျောက်ထားသူများအနေဖြင့် မိမိတို့အား [email protected] တွင် ဆက်သွယ်နိုင်သည်။

အချက်အလက် လက်ခံသူများနှင့် နိုင်ငံတကာ အချက်အလက် လွဲပြောင်းမှုများ

သင်၏ ကိုယ်ရေး အချက်အလက်များကို သင်လျှောက်ထားသော ရာထူးတာဝန် ရှိသည့် နိုင်ငံရှိ လူသစ် စုဆောင်းသူများနှင့် အင်တာဗျူး မေးမြန်းသူများ သာမက lapetitemort.info ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းအတွင်း အခြားသော နိုင်ငံများရှိ လူသစ်စုဆောင်းသူများနှင့် အင်တာဗျူး မေးမြန်းသူများက ရရှိ ကြည့်ရှုနို်င်သည်။ lapetitemort.info ရှိ စီမံခန့်ခွဲမှု လုပ်ငန်း လုပ်ဆောင်သူများနှင့် အိုင်တီ ၀န်ထမ်းများသည်လည်း သူတို့၏ လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သင်၏ ကိုယ်ရေး အချက်အလက်များကို အကန့်အသတ်ဖြင့် ရရှိနိုင်သည်။ သင်နေထိုင်သော နိုင်ငံမဟုတ်သည့် အခြားသော နိုင်ငံများသို့ သင်၏ ကိုယ်ရေး အချက်အလက်များ လွဲပြောင်းမှု အပါအ၀င် သင်၏ ကို်ယ်ရေး အချက်အလက်များကို lapetitemort.info ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းအတွင်းရှိ မက်ကင်းဆေး လက်ခွဲများနှင့် လက်တွဲဖက်လုပ်ငန်းများက ကိုင်တွယ်ရာတွင် သင်၏ ကိုယ်ရေး အချက်အလက်များ လုံလောက်သော ကာကွယ်မှု ရှိစေရန် ဒီဇိုင်းလုပ်ထားသော ဥပဒေရေးရာ ယန္တရားကို ထားရှိသည်။

မိမိတို့သည် လူသစ်စုဆောင်းရေး ဆော့ဖ်ဝဲလ် စနစ်အတွက် ပြင်ပ ၀န်ဆောင်မှု ပေးသူများကို အသုံးပြုသည်။ မိမိတို့သည် အရည်အသွေးရှိသော ပုဂ္ဂိုလ်များအား မိမိတို့အတွက် စုဆောင်းခြင်း အလုပ်ခန့်ထားခြင်း မပြုမီ စိစစ်ခြင်း၊စစ်ဆေးခြင်း နှင့် မိမိတို့၏ လူသစ်စုဆောင်းမှု အလေ့အထများကို တိုးတက်အောင် လုပ်ဆောင်ခြင်းတို့တွင် သင်၏ ကိုယ်ရေး အချက်အလက်များကို ပြင်ပ ၀န်ဆောင်မှု ပေးသူများနှင့် ဝေမျှ နိုင်သည်။

ကိုယ်ရေး အချက်အလက်များကို ပြင်ပ ၀န်ဆောင်မှု ပေးသူများက ကိုင်တွယ်ရာတွင် ဤလျှို့ ဝှက်ရေး အသိပေးချက်နှင့် ကိုက်ညီမှုရှိပြီး သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ၏ လျှို့ ဝှက်မှု၊ ရရှိနိုင်မှုနှင့် ဂုဏ်သိက္ခာတို့ကို ကာကွယ်ရန် အာမခံချက်ရှိစေရန် ဒီဇိုင်းလုပ်ထားသော လုပ်ငန်းစဉ်များကို ထိန်းသိမ်းသည်။ ဥပဒေအရ လိုအပ်သောအခါ မိမိတို့သည် သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို လုံလောက်သော အချက်အလက် ကာကွယ်မှုရှိစေရန် ဒီဇိုင်းလုပ်ထားသော ဥပဒေကြောင်းဆိုင်ရာ ယန္တရားများ ထားရှိသည်။

ထို့အပြင် အဖွဲ့အစည်း ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပေါင်းစည်းခြင်း၊ ရောင်းချခြင်း၊ ဖက်စပ်လုပ်ဆောင်ခြင်း၊ တာဝန်ပေးခြင်း သို့မဟုတ် အခြား လွှဲပြောင်းခြင်း သို့မဟုတ် မိမိတို့လုပ်ငန်း တာဝန် နေရာအားလုံး သို့မဟုတ် အချို့တစ်ဝက်ကို ပြောင်းရွှေ့ခြင်းများတွင် မိမိတို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ပြုလုပ်နိုင်သည်။

လုံခြုံရေး

မိမိတို့သည် ကိုယ်ရေး အချက်အလက်များ ပျောက်ဆုံးခြင်း၊ အလွဲသုံးခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန် နည်းလမ်းနှင့် လုပ်ငန်းလည်ပတ်မှု လုံခြုံရေး၏ ယေဘုယျအားဖြင့် လက်ခံထားသော စံချိန်စံညွန်းများကို အကောင်အထည်ဖော်သည်။ lapetitemort.info ကအခွင့်အာဏာပေးထားသော ၀န်ထမ်းများနှင့် ၀န်ဆောင်မှု ပေးသော မိမိတို့၏ အပြင်အပ ပုဂ္ဂိုလ်များကိုသာ ကိုယ်ရေး အချက်အလက်များ ကြည့်ရှုခွင့်ပြုထားပြီး ယင်းးဝန်ထမ်းများနှင့် ပြင်ပ ၀န်ဆောင်မှု ပေးသူများသည် ဤအချက်အလက်များကို လျှို့ ဝှက်ချက်အနေဖြင့် ကိုင်တွယ်ရမည်။ ယင်း ကြိုတင် သတိထားလုပ်ဆောင်ချက်များရှိသော်လည်း သင်၏ ကိုယ်ရေး အချက်အလက်များကို မသက်ဆိုင်သူများက ရရှိသွားနိုင်ခြင်း မရှိဟု မိမိတို့ အာမမခံနိုင်ပါ

သင်၏ အခွင့်အရေးများ

မိမိတို့သည် သင်၏ ကိုယ်ရေး အချက်အလက်များ တိကျမှန်ကန်မှု၊ ပြည့်စုံမှုနှင့် ကောက်ယူခြင်းနှင့် အသုံးပြုခြင်း ရည်ရွယ်ချက်အတွက် နောက်ဆုံး အချက်အလက်များနှင့် ကိုက်ညီမှုတို့ ရှိစေရန် ဒီဇိုင်းလုပ်ထားသော ကျိုးကြောင်းဆီလျှော်သည့် အဆင့်များကို လုပ်ဆောင်မည်။ သင်၏ ကိုယ်ရေး အချက်အလက်များကို မိမိတို့ကိုင်တွယ် လုပ်ဆောင်ရာတွင် ဤ လျှို့ ဝှက်ရေး အသိပေးချက်နှင့် သက်ဆိုင်ရာ ဥပဒေနှင့် ကိုက်ညီစေရန် အာမခံချက်ရှိစေရေးအတွက် ဒီဇိုင်းလုပ်ထားသော အရေးယူဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်သည်။

သင်နှင့် ပတ်သက်၍မိမိတို့ ကောက်ယူ စုဆောင်းထားသော ကိုယ်ရေး အချက်အလက်များကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း သို့မဟုတ် အချက်အလက်များ ပယ်ဖျက်ပေးရန် တောင်းဆိုခြင်းတို့ ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ကြည့်ရှုနိုင်ရန်အတွက် သင်သည် တောင်းခံပိုင်ခွင့်ရှိသည်။ သင်နှင့် ပတ်သက်၍ မိမိတို့ ကောက်ယူထားသော ကိုယ်ရေး အချက်အလက်များ၏ မိတ္တူကို တောင်းခံရန် သင့်တွင် အခွင့်အရေး ရှိနိုင်သည်။ အကယ်၍သင်သည် သင်နှင့် ပတ်သက်ပြီး မိမိတို့ကောက်ယူထားသော ကိုယ်ရေး အချက်များကို ရယူခြင်း၊ သုံးသပ်ခြင်းနှင့် အမှားပြင်ဆင်ခြင်း တို့ လုပ်ရန် တောင်းဆိုမှုကို ပြုလုပ်လိုပါက သို့မဟုတ် သင်၏ ကိုယ်ရေး အချက်အလက်များကို မည်ကဲ့သို့ ကိုင်တွယ်သည်ကို ဆွေးနွေးလိုပါက ကျေးဇူးပြု၍ [အီးမေးလ်လိပ်စာထည့်ရန်] သို့ ဆက်သွယ်ပါ။ သင်၏ လျှို့ ဝှက်မှုနှင့် လုံခြုံရေးကို ကူညီကာကွယ်ရန် မိမိတို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ကြည့်ရှုခွင့်ကို မပေးမီတွင် သင်မည်သူ မည်ဝါဖြစ်သည်ကို သင့်လျော်သော အဆင့်များဖြင့် စိစစ်သွားမည်။ ရှိနေနိုင်သော သက်ဆိုင်ရာ ဥပဒေနှင့် အညီ သင်၏ တောင်းဆိုချက်များကို အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ လိုက်နာခြင်း သို့မဟုတ် တုံ့ ပြန်ခြင်းတို့ လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သော ကြိုးပမ်းအားထုတ်မှုကို မိမိတို့  လုပ်ဆောင်သွားမည်။ အခြေအနေများနှင့် တောင်းဆိုချက် အပေါ်မူတည်ပြီး ကိုယ်ရေး အချက်အလက်များအား ကြည့်ရှုခွင့် မပြုခြင်း သို့မဟုတ် သင်၏ တောင်းဆိုချက်ကို အပြည့်အ၀ လိုက်လျောခြင်းမျိုး ခွင့်ပြုပေးနိုင်သည်။ ဥပမာ- သင်၏ အချက်အလက်များကို ထုတ်ပေးခြင်းအားဖြင့် အခြားသူ တစ်ဦးတစ်ယောက် မည်သူ မည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ပေးလိုက်သကဲ့သို့  ဖြစ်သွားနိုင်ခြင်း။ သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုသည့် နေရာများတွင် သင်၏ တောင်းဆိုချက်များကို ဖြည့်စည်းရန်အတွက် သင့်လျော်သည့် အခကြေးငွေကို တောင်းခံရန်နှင့်/သို့မဟုတ် အဖွဲ့၏ ဆုံးဖြတ်ချက်အရ သင့်တောင်းဆိုချက်များသည် မခိုင်လုံကြောင်း၊ လွန်ကဲကြောင်း သို့မဟုတ် တစ်နည်းအားဖြင့် သက်ဆိုင်ရာ ဥပဒေအောက်တွင် လက်ခံနိုင်စရာ မရှိကြောင်း တို့ကြောင့် သင်၏ တောင်းဆိုချက်များကို ငြင်းပယ်ရန် အခွင့်အရေးကို မိမိတို့ ရယူထားသည်။

ထို့အပြင် သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည့် နေရာများတွင် သင်သည် အရည်အသွေးပြည့်မီသော အချက်အလက် ကာကွယ်ရေး အာဏာပိုင်များထံသို့ တိုင်ကြားချက် ပေးပို့နိုင်ခွင့် ရှိသည်။

မိမိတို့သည် လူသစ်စုဆောင်းခြင်း သို့မဟုတ် ခန့်ထားမှု ဆုံးဖြတ်ချက်များကို အလိုအလျောက် ဆုံးဖြတ်ချက်ချမှတ်ခြင်း အပေါ်တွင်သာ လုံးဝ မှီခိုခြင်းကို လုပ်မည်မဟုတ်ပါ။

အသုံးပြုသူ၏ကွန်ပျူတာအတွင်း သေးငယ်သောဖိုင်များအဖြစ် သိမ်းဆည်းထားခြင်း များနှင့် အခြား စောင့်ကြည့်မှု နည်းပညာများ

မိမိတို့သည် လူပုဂ္ဂိုလ်များအား သတ်မှတ်ထားသော အွန်လိုင်း အတွေ့အကြုံများ ပေးနိုင်ရန်အတွက် အသုံးပြုသူ၏ကွန်ပျူတာအတွင်း သေးငယ်သောဖိုင်များအဖြစ် သိမ်းဆည်းထားခြင်း များနှင့် အခြား စောင့်ကြည့်မှုနည်းပညာများကို အသုံး ပြုနိုင်သည်။ အသုံးပြုသူ၏ကွန်ပျူတာအတွင်း သေးငယ်သောဖိုင်များအဖြစ် သိမ်းဆည်းထားခြင်း များနှင့် အခြား စောင့်ကြည်မှု နည်းပညာများ အသုံးပြုမှုနှင့် ပတ်သက်၍ မိမိတို့၏ လျှို့ ဝှက်မှုနှင့် အသုံးပြုသူ၏ကွန်ပျူတာအတွင်း သေးငယ်သောဖိုင်များအဖြစ် သိမ်းဆည်းထားခြင်းမူဝါဒ http://lapetitemort.info/privacy-policy တွင် လေ့လာနိုင်သည်။

အဆက်အသွယ်

ဤလျှို့ ဝှက် အသိပေးချက်၊ မိမိတို့၏ လျှို့ ဝှက်ရေး မူဝါဒနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက သို့မဟုတ် lapetitemort.info ဆိုဒ်တွင် ရှာဖွေခြင်း သို့မဟုတ် ဖတ်ရှုခြင်းနှင့် ပတ်သက်၍ အကူအညီ လိုအပ်ပါက ကျေးဇူးပြု၍ မိမိတို့အား အောက်ပါ လိပ်စာသို့ဆက်သွယ်ပါ။
lapetitemort.info & Company
ဥပဒေရေးရာ ဌာန (Legal Department)
55 East 52nd Street
New York, NY 10022
212-446-7000
[email protected]

lapetitemort.info က ဤလျှို့ ဝှက်မှုဆိုင်ရာ သတိပေးချက်ကို ပြင်ဆင်ပြောင်းလဲခွင့်ကို ရယူထားသည်။ ဤစာမျက်နှာပေါ်တွင် မိမိတို့၏ မူဝါဒ အသိပေးချက်များအပေါ် ပြင်ဆင်ချက်များကို တင်သွားမည်။ နောက်ဆုံး ပြင်ဆင်ဖြည့်စွက်မှုများကို သိရှိနိုင်ရန် ဤစာမျက်နှာကို ပုံမှန် လာကြည့်ပါ။